မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား Installation ပြုလုပ်ခြင်း ဆင့်ပွားသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ခရိုင်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် လေးမျက်နှာမြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက် အကူပြုအဖွဲ့များ၊ မဲရုံတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား Installation ပြုလုပ်ခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် လေးမျက်နှာမြို့ အမှတ်(၁)ရပ်ကွက် သံသရာငြိမ်းအေးကျောင်းတိုက် ပြည်ငြိမ်းအေးဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေနှင့် မဲရုံလုံခြုံရေးဆောင်ရွက်မည့် လုံခြုံရေးအဖွဲ့များနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေနှင့် မဲရုံလုံခြုံရေးဆောင်ရွက်မည့် လုံခြုံရေးအဖွဲ့များတွေ့ဆုံခဲ့သည်။

ဇလွန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအားတပ်ဆင်ခြင်း ဆင့်ပွားသင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဟင်္သာတခရိုင်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်ဖြင့် ဇလွန်မြို့နယ် ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွဲ့စည်းထားရှိသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာနည်းပညာ အထောက် အကူပြုအဖွဲ့များ၊မဲရုံတွင်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများအား ဇလွန်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် အပိုင်း(၃)ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အားတပ်ဆင်ခြင်း ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်၉ နာရီမှစတင်၍ မွန်းလွဲ ၄ နာရီအထိ မြို့နယ်ပြည်သူ့အားကစားခန်းမတွင်ဆက်လက် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သပြေချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာသစ်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်ရန်အတွက် သောင်တူးဖော်ခြင်းလုပ်ငန်းအား သတ်မှတ် ဒီဇိုင်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တူးဖော်နိုင်ရေး ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့သည် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရလေ့ရှိသည်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အဓိကစီမံကိန်းလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ဗလမင်းထင်တံတားအောက်ရှိ သောင်တူးခြင်းလုပ်ငန်းအား ယနေ့ နံနက် ၈ နာရီက လုပ်ငန်းစတင် ဆောင်ရွက်ခြင်းအခမ်းအနားကို အဆိုပါသောင်ခုံ၌ ကျင်းပပြုလုပ်သည်။

တမူးမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အမှတ်(၁၀)အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက   လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပုသိမ်ခရိုင် Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေးကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြစ်သည့်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကန်ကြီးထောင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊တို့ပူးပေါင်းပြီး Fire Hotspot ဖြစ်စေသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နေ့လည်ပိုင်းက ကန်ကြီးထောင့် မြို့နယ်၊ ကျိုက်လတ်ကျေးရွာ၊ ရွှေကျီးရုပ်ဘုရားကြီးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်အတွင်း မဲရုံများအဖြစ် ဆောင်ရွက်မည့် နေရာများ နှင့် ပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ယနေ့နံနက် ၉ နာရီ ကစတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်ဦးဆောင်၍ ကောင်းမွန်ကျေးရွာ၊ မရိုးကုန်းကျေးရွာ၊ ဇီးတောကျေးရွာနှင့် ဘုတ်ကျေးရွာတို့အား မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက်ကြသည်။

ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲ တစ်ဦးချင်းနှင့်အသင်းလိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ ကျေးရွာသုံး စိုက်ခင်းထွက် ထင်းနှင့်မျောတိုင်များ ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၁ နာရီက ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇) ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းနှင့် မျောတိုင်များအား ချောင်းဆုံကျေးရွာမှ ပြည်သူများအား ပေးအပ်သည်။
Subscribe to