ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်နှင့်ယဉ်ကျေးမှုအနုပညာ Talk Show ကျင်းပ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်နှင့်ယဉ်ကျေးမှုအနုပညာ Talk Show ကျင်းပ ဒဂုံမြောက် နိုဝင်ဘာ ၁၉ နေခြည်

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များလုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ရေး ဆောင်ရွက်၊ Contract Farming စနစ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ခရိုင်အလိုက်လျာထား 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ယမန်နေ့နံနက်ပိုင်းက ဆန်စက် လုပ်ငန်းရှင်များ၊  နယူးဧရှား၊ TPC နှင့် UAB ဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးတောင်သူများ အကျိုး ဖြစ်ထွန်းစေရေးဆွေးနွေးပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဘဏ်ကိုယ်စားလှယ်များ တက်ရောက်သည်။

နောင်မွန်းမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကလေးများကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပ‌ကြောင်း သိရသည်။    ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇီနန်းရမ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်ကလေးများအ‌နေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် အားပေးအမှာစကားပြောကြားကာ အ.ထ.ကနောင်မွန်း၊ အ.မ.က(၁)၊ အ.မ.က(နန်ပန်ဒမ်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အဖွင့်ပွဲစဉ်ကို အ.ထ.က(နောင်မွန်း)နှင့် အမက(နန်ပန်ဒမ်း)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့သည်။

လောင်းလုံးမြို့နယ်၌ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

‎၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ထားဝယ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးရှိ တတိယအထပ်တွင် စတင်ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအခမ်းအနား တက်ရောက်

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ KMA‌ ဟော်တယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊‌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှတာဝန်ရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကလေးသူငယ်များနှင့်မိဘများ တက်ရောက်ကြသည်။

ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကဇန်းလမိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရိုးကြီးကျေးရွာအခြေခံပညာမူလတန်း‌ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to