မူဆယ်မြို့တွင် တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သစ်တောထိန်းသိမ်းရေး (ခရိုင်အဆင့်) အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ သစ်တောထိန်းသိမ်းရေး (ခရိုင်အဆင့်) အသိပညာပေးဟောပြောပွဲကို မူဆယ်မြို့၊ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ပညာသင်ကြားကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံကြီးမှ မျက်စိအထူးအကုဆရာဝန်ကြီးများက ဆေးကုသမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ဗဟန်းအမျိုးသမီးဆေးရုံကြီးတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသ‌ပေးခြင်းကို မြို့နယ်‌ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။

ရေဖြူမြို့နယ်၌ သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ သစ်တောဦးစီးဌာနက ကြီးမှူး၍ သစ်တောထိန်းသိမ်းရေးတောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ-ထ-က၊ ရေဖြူကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့

‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့‌ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာ (၁၇) ရက်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်၌ ရာဘာသစ်ခွဲသားနှင့် သစ်ပါးလွှာထုတ်လုပ်ခြင်းစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး  

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာရှိ အွန်စောမွန်(Eon Saw Mon Co.Ltd)၏ ရာဘာသစ်ခွဲသားနှင့်သစ်ပါးလွှာထုတ်လုပ်ခြင်းစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းအခမ်းအနားကို နို၀င်ဘာ ၁၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်း ဒေသကြီးအတွင်း ရှိစားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင်နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ သွားရောက်ပညာဆည်းပူးမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ယနေ့နံနက်ပိုင်းက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် နှစ်သစ်ကူးပွဲတော် ကျင်းပ

၂၀၂၅ ခုနှစ် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် (၂၁၂၀ ခုနှစ်) နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာရှိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to