ဒေါ့ဖုန်းယန် ဇွန် ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပညာရေးဌာနနှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသန်းနိုင်စိုး က ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ် ဆေးဝါးသုံးစွဲမိသောအကြောင်းအရင်းများတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ နံရံကပ်စာစောင်၊ မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှရှောင်ရှားစို့ ဓါတ်ပုံပြပွဲနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန် (ပြန်/ဆက်)