စစ်ကိုင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ အ.ထ.က ရွှေမင်းဝံကျောင်း ပညာ့ရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်၌ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ အလင်္ကာခန်းမတွင် ယနေ့နံနက် (၉) နာရီက မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်၌ ရက်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရက်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏  လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၉) နာရီ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်များသို့  စာအုပ်စာစောင်များ လှူဒါန်းပွဲကို မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်တွင် စက်ချုပ်သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စက်ချုပ်သင်တန်း ဖွင့်လှစ်လျက်ရှိရာ နေ့စဉ်နံနက် (၉) နာရီမှစ၍ ပုံမှန်ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားသို့ တက်ရောက်

“နေ့စဉ် အခွင့်အရေးများ မြှင့်တင်ရေး၊  ကလေးများအသံနားထောင်ပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပဲခူးမြို့၌ (၃၆) နှစ်မြောက် ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) ကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက်ပိုင်းက (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား တက်ရောက်

(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာ/ဆရာမများနှင့် ကလေးငယ်များ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများ မြန်မာနိုင်ငံ၌ စတင်ကျင်းပ

(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများကို မြန်မာနိုင်ငံဘဏ်များအသင်းက အိမ်ရှင်အဖြစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့က (၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံအား“Optimising Banking in a Digital Age: Successes and Challenges” ခေါင်းစဉ်ဖြင့် စတင်ကျင်းပသည်။
Subscribe to