ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှူန်းဖြင့် ရောင်းချပေး

ကန်ကြီးထောင့် ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှူန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ ကန်ကြီးထောင့်မြို့မဈေး၌ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ရည်ရွယ်ပြီး၊ ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်(၂)အိတ်၊ ဝက်သားတစ်ပိတ်ဿာလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ဝက်သား(၂၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်(၂၀၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၅၀၀)၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်နှုန်းဖြင့် ဘဲဥအလုံး(၃၀၀)၊ ချည်ပေါင်ရွက် တစ်စည်းလျှင်(၁၀၀)ကျပ်နှုန်းဖြင့် အစည်း(၂၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင်(၁၀၀)ကျပ်နှုန်းဖြင့် အစည်း(၂၀၀)နှင့် ဗုံလုံသီး တစ်လုံးလျှင် (၁၅၀)ကျပ်နှုန်းဖြင့် အလုံး(၅၀)တို့အား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)