မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

မြဝတီ  ဇန်နဝါရီ ၂၀

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့​ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီးအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးဒေါ် သီသီနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ မြဝတီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ညှိနှိုင်းရေးမှူး (Moderator) အဖြစ်ဆောင်ရွက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-9၊ ကျောင်းသူ မမေသက်ထားက လူငယ်နှင့် စာပေခေါင်းစဥ်ဖြင့်လည်းကောင်း၊Grade -9၊ ကျောင်းသား၊ မောင်စိုးမင်းနိုင်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊Grade-11၊ ကျောင်းသား မောင်ဖြိုး တေဇက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မခင်ဖုန်းလတ်က လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး Grade-10၊ ကျောင်းသူ မခြူးမြတ်ကိုကိုက လူငယ်နှင့်စာပေ၊ လူငယ်နှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်များဖြင့်လည်းကောင်း၊ Grade -8၊ ကျောင်းသူ မဆုစန္ဒီဦး က လူငယ်နှင့် အားကစား၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဥ်များဖြင့်လည်းကောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသောအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများကလည်း မိမိတို့သိရှိ လိုသည်များကို  မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်းအစီအစဥ်အားရုတ်သိမ်းခဲ့သည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ()ဦးတို့အား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များကို ချီးမြှင့်ခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်၊ စာအုပ်စာ​​စောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)