သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်စည်းဝေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက်နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘိုကလေးမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောမှု အခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် ဘိုကလေးမြို့ ကုတင်(၅၀)ဆေးရုံဟောင်း၏ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ကုန်းတန်းလေးကျေးရွာနှင့် သဲကုန်းကျေးရွာရှိ အိမ်တွင်းမှုလုပ်ငန်းများ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုရအဖွဲ့  စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများက ဒေးဒရဲမြို့နယ် ကုန်းတန်းလေးကျေးရွာရှိ အမျိုးသမီးများ မိသားစုဝင်ငွေ တိုးပွားစေရေး ဆောင်ရွက်လျက်ရှိသည့် အထည်ချုပ်လုပ်ငန်းနှင့် သဲကုန်းကျေးရွာရှိ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ကြံခင်းမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမားတစ်ဦး၏ကျန်ရစ်သူမိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနား ကျင်းပသည်။

စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၌ ယမန်နေ့နံနက်က သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အတွင်း ကာကွယ် ဆေးထိုးလွမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ပေါင်းတည်မြို့ အရှေ့လမ်း အ-မ-က၌ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ပြည်ထောင်စုနေ့ဖြစ်‌ပေါ်လာပုံနှင့် စည်းလုံးညီညွတ်မှုအကျိုးရလဒ်များကို သိရှိနားလည်နိုင်‌စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီက ပေါင်းတည်မြို့နယ်၊ အရှေ့လမ်း အခြေခံပညာမူလတန်းကျောင်းတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ နှစ်ချုပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၆)အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ၂၀၂၅ ခုနှစ်၊ နှစ်ချုပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ တက်ရောက်ခဲ့သည့် ကယားပြည်နယ်ကိုယ်စားပြုလူငယ်များ၏ အတွေ့အကြုံရှင်းလင်း  

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူငယ်ရေးရာကော်မတီမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ၌ ကျင်းပသည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၆ သို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းတင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Subscribe to