ဘီးလင်းမြို့နယ်၌(၁၀၂)ကြိမ်မြောက် စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

မွန်ပြည်နယ်  ဘီးလင်းမြို့နယ်တွင်  နှစ်စဥ်ကျင်းပမြဲဖြစ်သော စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်ကာ  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ဇန်နဝါရီလ(၂၃)ရက်နေ့က ကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေး၊ မဲရုံများတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပါဝင်ဆန္ဒမဲပေးခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးသည်။

မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၅၁၈ ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများက ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း(၁၅၁၈) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မီးသတ်ဦးစီးဌာနမှစီစဥ်ဖွင့်လှစ်သော ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းအားဖြင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်နည်းပညာများ သင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သော အခြေခံမော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲက ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၊ လူထုအခြေပြုလေ့လာသင်ယူရေးစင်တာခန်းမ၌ ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟင်္သာတမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်စေရေးအတွက် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းကျောင်းလမ်း၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ “အောင်ပြည့်ဖြိူးဦး သာသနာ့ ဗိမာန်” နှင့် “ဘောဇနဂုဏ်ရည်” ခန်းမ တို့တွင်  ဟင်္သာတမြို့နယ်၊ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှတက္ကသိုလ်ဝင်တန်း (Grade-12) တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား/သူများအား သင်ကြားပို့ချလျက်ရှိသော ဘာသာ ရပ်များနှင့် ပတ်သက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးဆိုင်ရာ သင်ကြားပို့ချခြင်းပြုလုပ်ခဲ့သည်။
Subscribe to