ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေး၊ မဲရုံများတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေး

ပုသိမ် ဇန်နဝါရီ ၂၇

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပါဝင်ဆန္ဒမဲပေးခဲ့ပြီး မဲရုံများတွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မိသားစုဝင်များ၊ မဲဆန္ဒရှင်ပြည်သူများသည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အတွင်းရှိ နေဝင်းရပ်ကွက် မဲရုံအမှတ်(၁)၊ ဗထူးရပ်ကွက် မဲရုံအမှတ်(၁)၊ ဆရာစံရပ်ကွက် မဲရုံအမှတ်(၁)၊ ငှက်သိုက်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ငါးသိုင်းချောင်းမြို့ မြို့သစ်ရပ်ကွက် မဲရုံအမှတ်(၁)၊ ရွှေဘိုရပ်ကွက် မဲရုံအမှတ်(၁)၊ မြို့မရပ်ကွက် မဲရုံအမှတ်(၁)၊ တက်ဆိပ်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ မအူကုန်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ သရက်ချောင်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ရုံးတုံးကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ဘုရားငူကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ကြာကန်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)တို့တွင် ဒေသခံပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှုများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး၊ ကြန့်ကြာမှုမရှိစေရေး၊ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)