မြောင်းမြမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုက သင်တန်းအဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးအုန်းသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

  အဆိုပါသင်တန်းတွင် သင်တန်းသား (၃၅) ဦးတို့ကို ဇန်နဝါရီလ (၂၆) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)