သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ အသက်မွေးပညာ သင်တန်းများဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး 

မိတ္ထီလာ  ဖေဖော်ဝါရီ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းကရက်ကန်းနှင့် အသက်မွေးပညာသင်ကျောင်းတွင်မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ဝန်ထမ်းများလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကြိုးစားဆောင်ရွက်ကြသည့် ဝန်ထမ်းများကိုလည်း မကြာမှီအချိန်ကာလအတွင်း တစ်ဆင့်မြှင့်ရာထူးများ တိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးဦးစီးမှူးများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်းနှင့်  အခြေခံစက်ချုပ်နည်းပညာသင်တန်းများ  ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှု့အားပေးခဲ့ပြီး သင်တန်းသား သင်တန်းသူများအား ထောက်ပံ့ငွေများ ပးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)