ငဖဲမြို့နယ် ရင်းရှည်ကျေးရွာတွင် စွမ်းအားမြှင့် CCC မီးဖို ၄၃၄ လုံး အခမဲ့ဖြန့်ဝေ

ငဖဲ  မတ် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ(မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့် စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင် အခမဲ့ဖြန့်ဝေလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရင်းရှည်ကျေးရွာအုပ်စု ရင်းရှည်ကျေးရွာများတွင် စွမ်းအားမြှင့် CCC မီးဖို ၄၃၄  လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မင်းဘူးခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်းက ကျေးရွာပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သဘာဝတောများ ထိခိုက်ပျက်စီမှုလျော့နည်း သက်သာစေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စွမ်းအားမြှင့် CCC မီးဖိုများ ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် မီးဖိုသုံးစွဲခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စွမ်းအားမြှင့် မီးဖိုသုံးစွဲမှုလမ်းညွှန် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

ထို့နောက် မင်းဘူးခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်ထွန်း၊ ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများက ကိုရီးယားသမ္မတနိုင်ငံ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေးစီမံကိန်းများအရ ရင်းရှည်ကျေးရွာရှိ အိမ်ထောင်စု (၄၃၄)စုအတွက် မီးဖို (၄၃၄)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဖြန့်ဝေပေးအပ်ရန်ကျန်ရှိသည့် ကျေးရွာများကို ဆက်လက်၍ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)