ရခိုင်ပြည်နယ်အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၆) ဦး လွတ်မြောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၁၆)ဦး လွတ်မြောက်ကြောင်း သိရသည်။