ပေါင်းတည် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နတ်တလင်းခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် အဖွဲ့ဝင်များသည်ပေါင်းတည်မြို့နယ်အတွင်းရှိ မွေးမြူရေး လုပ်ငန်းများအား ဇန်နဝါရီ ၂၉ ရက်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုအားပေးရာတွင် ဗျက်ကြီးကျေးရွာ ဒေါ်စောလဲ့လဲ့ခိုင်၏မွေးမြူရေးခြံတွင် ဥစားဘဲကောင်ရေ တစ်သောင်းမွေးမြူထားရှိမှု၊ ပျဉ်းပင်ကန်ရပ်ကွက် အတွင်းလမ်းရှိ ဦးလာလု၏ မွေးမြူရေးခြံတွင် နို့စားနွားမ ကောင်ရေ ၁၀၀ မွေးမြူထားရှိမှုနှင့် ကျောင်းတော်ရာကျေးရွာဦးဝင်းအောင်၏ မွေးမြူရေးခြံတွင် ဆိတ်ကောင်ရေ ၅၀ စတင်မွေးမြုထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ကြပြီး
အဆိုပါမွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို မေးမြန်းကာ ဒေသတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေသား(IPRD)