မြစ်သားမြို့ သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်း သား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီက သံတော်ဦးကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်ခဲ့သည်။