မိုင်းယောင်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ အခမ်းအနားကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနရုံးတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း