နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရာက်၊ ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်နေမှုကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌  စတင်ဖြန့်ဝေပေးလျက်ရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ကျား/မ အခြေပြု အကြမ်းဖက်မှုအသိပညာပေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ကျား/ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချာင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ပျိုးပွဲကျင်းပ​

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ပျိုးပွဲကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အုန်းပင်ကွင်းကျေးရွာနှင့် သပြုကျေးရွာတို့၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များ ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းကျွမ်းကျင် (လုပ်ငန်းလမ်းညွှန်) သင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ/ အတွင်းရေးမှူးများ လုပ်ငန်းကျွမ်းကျင်(လုပ်ငန်းလမ်းညွှန်) သင်တန်းနှင့် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ ပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိအမည်ပါမပါ သိရှိနိုင်ရန် အတွက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာများအတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုဝင်ဘာလအတွင်း ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ ဘန်ဂါလီစွန်နီဂျာဗလီခန်းမ၌ ကျင်းပသည်။

မအူပင်မြို့၌ ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး Door to Door မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်         

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရန် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်း ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများမှ Door to Door မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ဟင်္သာတမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံနေကြာ Super Sun 41 မျိုးအစေ့ချ စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ၊ ကွင်းအမှတ် (၁၂၆၇)၊ ဦးပိုင်အမှတ် (၆၄/၁)ရှိ တောင်သူဦးမောင်ရှင်၏ လယ်မြေ(၃.၀၀)ဧက၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၅- ၂၂၀၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံနေကြာ Super Sun 41 မျိုး စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။
Subscribe to