ဖာပွန်မြို့နယ်၊ကမမောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ရပ်ကွက်/ကျေးရွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက်ကွင်းဆင်း စိစစ်ဆောင်ရွက်

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် ပါ/မပါအား သိရှိနိုင်ရေး၊ ကျန်ရှိမှု မ​ဖြစ်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်တွင်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ဝါကော်ကျေးကျေးရွာအုပ်စုနှင့် အမှတ် (၂) ရပ်ကွက်များသို့  နံနက်(၈)နာရီမှ စတင်ကာ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖျာပုံမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်/ကျေးအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၂)ခန်းမတွင် ကျင်းပပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကိုင်မြို့နယ် မြို့သစ်ရပ်ကွက်တွင် စားသုံးသူရေးရာ အသိပညာပေးပွဲဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မြဝတီမြို့ရှိ မဲစာရင်းမှန်ကန်စေရေးအတွက် ရပ်ကွက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ မဲဆန္ဒရှင်ပြည်သူများမှ မဲပေးခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးများ ပြည့်ဝစွာရရှိစေရေး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက အဖွဲ့များခွဲ၍ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရပ်ကွက် (၇) ရပ်ကွက်အနက် ကျန်ရှိသည့် ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး မဲစာရင်းကွင်းဆင်း စစ်ဆေး

မော်လမြိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများမကျန်ရှိစေရေး အသက် (၁၈) နှစ်နှင့်အထက်စာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် ရပ်ကွက်/ ကျေးရွာများသို့ တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် မြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာအသီးသီးတို့၌ တစ်ပြိုင်နက်တည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ပွဲ တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုဖူးမြှော်ပြီး ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူ​ဇော်ကာ တောင်စွန်းကျေးရွာ ရာမညနိကာယတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တသဒ္ဓမ္မဓဇ၏ သြဝါဒကထာ ခံယူတော်မူသည်။

တောင်ကြီးမြို့တွင် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန်ရည်ရွယ်၍ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်ကို ယနေ့ မွန်းလွဲ ၁ နာရီက လူစည်ကားရာမြို့မဈေးရှေ့တွင် သွားရောက်ဖြန့်ဝေးခဲ့သည်။

မူဆယ်မြို့တွင် တို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား မူဆယ်မြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ဖွင့်လှစ်ရာ ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာမများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
Subscribe to