ငဖဲမြို့နယ်တွင် “ ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရေးနှင့် မဲပေးမည့်ပြည်သူများမကျန်ရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇နာရီက  လူစည်ကားသည့် ငဖဲမြို့မဈေးတွင် ဖြန့်ဝေပေးခဲ့သည်။   

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့်  ယနေ့နံနက်ပိုင်းမှစတင်၍ စောရန်ပိုင်အရှေ့ရပ်ကွက်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ သစ်တောရပ်ကွက်နှင့် ဧရာဝတီရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး  လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား ပင်းတယမြို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ စာသင်ကျောင်းများရှိပါက လေးမိဘအုပ်ထိန်းသူများကို ယမန်နေ့မှစတင်၍ ဖြန့်ဝေလျက်ရှိသည်။

ကွန်ဟိန်းမြို့၌ ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊  ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍  ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီက လူစည်ကားရာ မြို့မစျေးရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ် (သံလွင်)မှတပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့်တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် နိုဝင်ဘာ ၃၀ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူ (၄၇၅) ဦးအား ငရုတ်ကောင်းမြို့တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောင်းအခြေပြု၊ ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးထိုးနှံခြင်း အသက် ၉ နှစ်မှ ၁၁ နှစ် (၁၂ နှစ်မပြည့်သေးသူများအထိ) မိန်းကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံခြင်းအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား ယမန်နေ့ နံနက် (၉) နာရီတွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး အိမ်တိုင်ရာရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမြို့နယ်၊ ကွင်းပေါက်ချောင်းစပ်မှရွှေမုယင်းငါးကန်များသို့ဆက်သွယ်သောလမ်း (၂/၀) မိုင် ဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကွင်းပေါက်ချောင်းစပ်မှ ရွှေမုယင်းငါးကန်များသို့ ဆက်သွယ်သောလမ်း (၂/၀) မိုင် အကျယ် (၁၆)ပေ ဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။
Subscribe to