သတင်းများ

အင်းစိန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ် (၂) ၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန်၊ စာဖတ်အ‌‌လေ့အထများ ဖြစ်‌ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်အသိပညာ‌‌ပေး‌‌ဟော‌ပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့၊ နံနက် (၉) နာရီက အင်းစိန်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းအမှတ် (၂) မြေညီခန်းမတွင် ကျင်းပသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရွှေနံ့သာရပ်ကွက် ပျဉ်းမနား-တောင်ညိုကားလမ်း​ကြီးတွင် ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီများ ဝယ်ယူစားသုံးမှု အဆင်ပြေစေရန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုန်းလမ်းအမကကျောင်းတွင် ကျောင်းသား ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်
Sep 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သော ကျောင်းသား ကျောင်းသူများအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် သားအိမ်ခါင်းကင်ဆာ‌ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 13,2023
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နတ်မော်လမ်းရှိ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူနှင့် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန်ပြိုင်ပွဲ ဖွင့်လှစ်
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန် (ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်) ပြိုင်ပွဲဖွင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 13,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကြသည်။
ရမ်းဗြဲမြို့၌  ကျောင်းအခြေပြု  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးပြုလုပ်
Sep 13,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ အသက်(၉) နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော  မိန်းခလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ  အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။