နမ့်စန်(တ) စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သော ကျောင်းသား ကျောင်းသူများအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် အသိပညာပေးပုံပြင်များကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား ကျာင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များအခမဲ့ ငှားရမ်းပေးခဲ့ပြီး စာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့ကာ စာဖတ်ဝိုင်းဆောင်ရွက်မှုကို အရှေ့အလယ်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)