သတင်းများ

ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီတာဝန်ရှိသူများ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု/ချေးငွေရယူပြီး RS မှ CS မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အ‌ခြေအနေအား ကြည့်ရှုစစ်ဆေး
Aug 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု/ချေးငွေရယူပြီး RS မှ CS မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အ‌ခြေအနေအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Aug 25,2023
နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
တန့်ယန်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) ကျင်းပ
Aug 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)ကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရက်ကန်းသင်တန်း ဖွင့်လှစ်
Aug 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရက်ကန်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး
Aug 25,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယနေ့နံနက်၁၀နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေးခဲ့သည်။
ပင်လောင်းမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ ပြုလုပ်
Aug 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပင်မွန်း ကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့နယ်၊ အလုံ အ.ထ.က(၂)တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းတွင် ၄၇ ဦး တက်ရောက်ပညာသင်ကြား
Aug 25,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာဆက်လက်မသင်ကြားနိုင်သော ကျောင်းသား/သူများအတွက် အသက်မွေးဝမ်းကျောင်းပညာဖြင့် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံ အ.ထ.က(၂) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်ပြီးသော ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးမွေးမြူရေးပညာရပ်များ တွဲဘက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းအား(၁.၆.၂၀၂၃)နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၇၅၅)ကြိမ်ရှိလာ
Aug 25,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၇၅၅)ကြိမ် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။