မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးနဲ အောက်တိုဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်‌ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းအသိပေးဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိပြီး ပြည်သူများယုံကြည်အားကိုးလာစေရေး ဆောင်ရွက်ကြရာတွင် ဒေသလိုအပ်ချက်များကို ကြိုတင်စီမံဆောင်ရွက်ထားစေလိုကြောင်း၊ ဝန်ထမ်းနှင့်မိသားစုဝင်များ လုံခြုံရေးအသိ/သတိဖြင့်သွားလာကြရန်၊ စာရင်းနှင့်ကိန်းဂဏန်းများ တိကျမှန်ကန်‌ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ပွင့်လင်းရာသီတွင် သာသနာရေးဆိုင်ရာ ဘာသာရေးပွဲတော်များ၊ ကထိန်ပွဲနှင့် ဆင်တောင်ဘုရားဘက်စုံပြုပြင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များရှိပါက ဆွေးနွေးပေးကြရန် စသည်ဖြင့်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က မှုခင်းကျဆင်းရေး ၊ ဆိုရှယ်မီဒီယာအသုံးပြုမှုနှင့် စပ်လျဥ်း၍လည်း‌ကောင်း ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်က ဇီဝဆိုင်ရာအချက်အလက်နှင့် လူဦးရေအချက်အလက်ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင်  ပူးပေါင်းပါဝင်ကူညီပေးနိုင်ရေးကိုလည်းကောင်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးတို့က အယ်နီညိုဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက စည်ပင်သာယာရေး မြို့တွင်း ရေမြောင်းများဆောင်ရွက်နေမှုကိုလည်းကောင်း စသည်ဖြင့် ဌာနအလိုက်တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)