ဇလွန် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးမွန်ကြည်က ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရန်အတွက် Conncare Application ကိုအသုံးပြု၍ စာရင်းရေးသွင်းရမည့်ပုံစံများ ၊ မည်သို့ရေးသွင်းရမည်ကို ရပ် / ကျေးစာရေးဝန်ထမ်းများအားရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ယင်းမလွတ်ကျေးရွာ အုပ်စု ကြပ်ကြီးကျေးရွာတွင် နမူနာ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခဲ့ကြသည်။ ဇလွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရပ်ကွက် ( ၁ ) ခု ၊ ကျေးရွာအုပ်စု ( ၄၅ ) အုပ်စုရှိ ၊ ကျေးရွာ (၉၁) ရွာကို စာရင်းကောက်အင်အား (၁၃၄) ဦးဖြင့် စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
ဝေယံ - ဇလွန် ( ပြန် / ဆက် )