လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

လွိုင်ကော် အောက်တိုဘာ

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို သက်ကြီးရွယ်အိုများသည် လူ့အဖွဲ့အစည်း အပေါ်အကျိုးပြုမှုများကို ကျေးဇူးပြုသည့်အနေနှင့်သာမက လက်ရှိလူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်တွင်လည်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့်သက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီများ ဖွဲ့စည်းထားရှိပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အို အားလုံး၏ အခွင့်အရေးလုံခြုံသည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ဥပဒေနှင့်အညီအပြည့်အဝ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကယားပြည်နယ်အတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွား()ဦးတို့အား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝလက်ဆောင်ပစ္စည်းများအားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများက လူမှုရေးပင်စင်ခံစားနေသည့် ဘိုးဘွား(၃၀)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဂါရဝလက်ဆောင်ပစ္စည်းများအားလည်းကောင်း  အသီးသီးလက်ရောက်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဘိုးဘွားများကိုယ်စား သက်ကြီးဘိုးဘွားတစ်ဦးက ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)