ရွှေကျင် အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က တောင်ဘက်ကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်) ကျောင်း တောင်ဘက်(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က လူကုန်ကူးမှုခံရသူများနှင့် ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သတ်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ စိတ်ဝင်တစား လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)