ကော့သောင်းမြို့တွင် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် (KG)ကျောင်သား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အ-လ-က(ခွဲ)ဘုရင့်နောင်၊ အ-ထ-က(ခွဲ) အ-လ-က၂၊ အ-လ-က၃၊အ-ထ-က(၁)၊ မူလွန်အောင်သုခ၊ မူလွန်ကြေးနန်းဝင်း၊ မူလွန် ၂ မိုင်၊ အ-လ-က(ခွဲ)၃မိုင် ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။