သတင်းများ

ငပုတောမြို့နယ်၌ ပေါ်ဆန်းရင် (RS-CS) မျိုးသန့်ထုတ်စိုက်ခင်း စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၆၆/ခ)၊ ဦးပိုင်အမှတ်(၇/၁၄)ရှိတောင်သူဒေါ်စန်းစန်းဦး၏ လယ်မြေ (၁၀.၀၀) ဧကတွင် ပေါ်ဆန်းရင် (RS-CS) မျိုးသန့်ထုတ်စိုက်ခင်း စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဒေးဒရဲမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများလုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့က  ကြီးမှူးကျင်းပသည့် ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်သည်။
မအူပင်မြို့၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဥ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ကျင်းပသည့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်မှု အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Jul 21,2026
ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီခွဲက အစိုးရစက်မှု လက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းခန်းမ၌ ကျင်းပသည်။
ကျောင်းကုန်းမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲကို ယမန်နေ့‌ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။