သတင်းများ

ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ယင်လုံအိမ်သာလွှမ်းခြုံမှု ပိုမိုမြင့်မားစေ‌ရေးအတွက် အသိပညာပေးဆွေးနွေးခြင်း အခမ်းအနား တက်ရောက်
Jul 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ယင်လုံအိမ်သာလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးအတွက် အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့၊ နေ့လယ်ပိုင်းက၊ တောင်ကြီးမြို့၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာဝင်းနိုင်၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။
ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ One Stop Service Centre ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jul 21,2026
ရှမ်းပြည်နယ် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ One Stop Service Centre(OSSC)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ ဝန်ကြီးများရုံးဟောင်း၌ကျင်းပရာ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်သန်းထူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် MSMEလုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်
Jul 21,2026
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဇေယျာသီရိမြို့နယ် ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jul 21,2026
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံက်ပိုင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွား‌ရေး ဆရာဖြစ်သင်တန်း( TOT) သင်တန်းဖွင့်လှစ်
Jul 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဇမ္ဗူသီရိမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွား‌ရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နန့်ကွေ့ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းမျိုးနွယ်စုများ ယာယီနေရပ်စွန့်ခွာမိသားစုများ ပြောင်းရွှေ့နေရာချထားနိုင်ရေး သွားရောက်တွေ့ဆုံ
Jul 21,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် မိုးရေသည် ၁၈၄ မီလီမီတာ (၇ ဒဿမ ၂၄) လက်မအထိ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နန့်ကွေ့ချောင်းရေမြင့်တက်လာပြီး အဆိုပါနန်းကွေ့ချောင်းဘေးရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်း ယာယီနေအိမ် အဆောက်အအုံများအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပြောင်းရွေ့ နေထိုင်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းက အဆိုပါမိသားစုများအား သွားရောက်တွေ့ဆုံအားပေးသည်။
မြောင်းမြမြို့တွင် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ (၂၀) ရက် နေ့ နံနက် (၈း၀၀) နာရီက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့နံနက်ပိုင်းကစတင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။