သတင်းများ

 မဟာအောင်မြေမြို့နယ် အ.ထ.က( ၂၄ ) ၌ လူငယ်ရေးရာဟောပြော
Jul 21,2026
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်‌ရေးရာအသိညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု လိုက်လံ ကြည့်ရှုစစ်ဆေး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ထံ လှူဖွယ် ဝတ္ထုပစ္စည်းများ၊ ဆွမ်းဆန်/ဆီ/ဆား/ပဲများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။  
မုံရွာမြို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jul 21,2026
အမှတ်(၁၄)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ဦးဆောင်ပြီး အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ “လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့နယ် အလုံတပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလုံခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ရဲအုပ်မြတ်သူနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၀၉) ဦး တက်ရောက်ခဲ့သည်။
ကြံခင်းမြို့၌ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်သူဗဟိုပြုသောရဲလုပ်ငန်းစနစ် အကောင် အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်လင်း ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့တွင် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉း၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက(ဆို၊က၊ရေး၊ တီး) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မြို့နယ်ရှမ်းစာပေနှင့် ယဥ်ကျေးမှုအသင်းမှကြီးမှူးကျင်းပ၍ ရုမ်းရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး ရှမ်းလူငယ်များအသင်းမှ သင်ကြားပေးသော ရှမ်းရိုးရာ၊ အိုးစည်၊ မောင်း၊ ဆိုင်း၊ တိုးနယား၊ ကိန္နရီကိန္နရာအက (ဆို၊က၊ရေး၊တီး) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) အချိန်တွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုး၊ ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ကျော်အောင်၊ ဟုမ္မလင်းခရိုင် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းချစ်ညွှန့်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်လွင်မြင့်၊ ရှမ်းရိုးရာယဥ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ မောသွန်လုင်းစိုင်းခေးလျိုနှင့် နည်းပြဆရာများ(တောင်ကြီး)၊ နာဂစာ​ပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို တောင်တွင်းကြီးမြို့နယ်အတွင်း မိုးစပါးအထွက်တိုးစံပြကွက် စိုက်ပျိုးနေမှုအခမ်းအနားတက်ရောက်၊ ဗိဿနိုးရှေးဟောင်းသုသေတနပြတိုက် ကြည့်ရှု
Jul 21,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မိုးစပါးအထွက်တိုး စံပြကွက်စိုက်ပျိုးနေမှုနှင့် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ဗိဿနိုးပြတိုက်အား ကြည့်ရှုခဲ့သည်။
ချောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကိုလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကျပန်းစကားပြော(အထက်တန်းဆင့်)နှင့် စာစီစာကုံး(အလယ်တန်းဆင့်)ပြိုင်ပွဲကို ဇူလိုင်၂၀ရက် နံနက်၁၀နာရီအချိန်က ချောက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။