ကျောက်ဆည်မြို့နယ်တွင် ခရမ်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး (၃) ရက်ခြား တစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ
Oct 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စု၊ ကျေးရွာ (၂၂၃)ရွာရှိပြီး စပါး၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ နှံစားပြောင်း၊ ဖူးစားပြောင်း၊ နနွင်း၊ ငရုတ်၊ ကျွဲနွားစာနှင့် စားဖိုဆောင်သီးနှံများ အမျိုးမျိုးစိုက်ပျိုး လျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ နေ့စဉ်ဝင်ငွေရသည့် မျှားနီတံဆိပ် ကာမစ်အမျိုးအစား အတို့အမြုပ်ပြုလုပ်၍စားရသည့် ခရမ်းကြွပ်အဝိုင်းသီး အစိမ်းရောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး (၃)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။