ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၂၂
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံ တရုတ်စကားပြောသင်တန်းကို ယနေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင်လည်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ သင်တန်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့သည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံ တရုတ်စကားပြော သင်တန်းကို (၃)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင်လည်း သင်တန်းနည်းပြ ဆရာမ ဒေါ်ကြည်ရှင်းခန့်က သင်တန်းသို့ တက်ရောက်လျက်ရှိသည့် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့အား အခြေခံတရုတ်စကားပြောများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)