သတင်းများ

ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Oct 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေကြာပင်ရပ်ကွက်၊ စည်ပင်ဧည့်ရိပ်သာအနီးတွင် ဆောင်ရွက်ခဲ့သည်
ဗဟန်းမြို့နယ် BISA ​ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဂိမ်းများ ​ဆောင်ရွက်
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊အ​နောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂)ရပ်ကွက် ဖိုးစိန်လမ်း Bahan International Science Academy (BISA) ကျောင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး Kaeru Caravan (ဂိမ်းကစားခြင်း) အစီအစဥ်များအား ယမန်နေ့​ နေ့လယ် ၁၃း၀၀နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ ပညာရေးဘွဲ့ (BED) စာပေးစာယူသင်တန်း ပထမနှစ် သင်တန်းသား/သူများကြိုဆိုပွဲသို့တက်ရောက်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (BED) စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၃)ပထမနှစ်နှင့် အမှတ်စဉ်(၂/၂၂)ဒုတိယနှစ် သင်တန်းများအား အောက်တိုဘာ(၁၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် အဆိုပါ ကောလိပ်ပညာဂုဏ်ရည်ခန်းမ၌ ပညာရေးဘွဲ့(BED) စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား/သူများ ကြိုဆိုပွဲကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေး
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ (၁၆)ရက်နေ့က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တာဂွကျေးရွာအုပ်စု၊ တာဂွကျေးရွာ၌ စီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ဥတ္တရသီရိမြို့နယ်၌ မိုးစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲ ကျင်းပ
Oct 18,2023
ပြည်ထောင်စုနယ်မြေ​၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ မိုးစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးကြည်သိန်း၏ ကွင်းအမှတ်-၁၈၉၄ စံပြစိုက်ခင်း၌ ကျင်းပခဲ့သည်။
ကန့်ဘလူမြို့ယူရီးယားဓာတ်‌မြေဩဇာ ဖြန့်ဖြူးရောင်းချပွဲနှင့် တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပွဲနှင့် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့မစိုက်ပျိုးနည်းပညာပေးစင်တာ (KC)ခန်းမ တွင် ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေး
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို အောက်တိုဘာလ (၂)ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၂၇)ရက်နေ့အထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မန်တုံမြို့နယ် မူလတန်းကြိုကျောင်း ဉာဏစွမ်းရည်ပြိုင်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Oct 18,2023
ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။