သတင်းများ

ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်/ ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ပြုလုပ်
Oct 18,2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံး၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောခြင်းနှင့် ရပ်/ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအတွက် စစ်တမ်းမေးခွန်း ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အဆိုပါ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ (၅၈.၂၃)ဧကအတွက် ဒေသခံတောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်ပွဲအခမ်းအနား ဆောင်ရွက်
Oct 18,2023
အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သကြားစက်ရုံ(ဒုရင်္ဂဗိုလ်) အနောက်ဘက်ခြမ်း ဦးပိုင်ပေါက်ယာမြေ (၅၈.၂၃)ဧကအား လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်း
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုရက်ပိုင်း မိုးရွာသွန်းမှုမရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။  
ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ "ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့" စာဖတ်ဝိုင်းပြုလုပ်
Oct 18,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့"ဆုံစည်းရာ"စာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပ
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးကို ယမန်နေ့နေ့လည် ၁နာရီအချိန်က မြို့နယ် ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်၌ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော ဆင်အရေပြား(၁၆၉)ချပ်အား မီးရှို့ဖျက်ဆီး
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပ) ၃၂၉/၂၀ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော ဆင်အရေပြား (၁၆၉)ချပ်၊ (၄၂)ပိသာအား ယမန်နေ့ နံနက်က မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု မြို့ရှောင်လမ်းဘေး ဦးကျော်ထွန်းအောင် လယ်မြေတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ x ၃၀) RCC (၂)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်မှု သုံးဆယ်ရာခိုင်နှုန်း ပြီးစီး
Oct 18,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်အတွက် နတ်မောက်မြို့နယ် ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မြေနေရာတွင် (၈၀×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်အား ဖျက်သိမ်း၍ (၁၄၀×၃၀) RCC(၂)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ သုံးဆယ်ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး  တာဝန်ရှိသူထံက သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် မြို့ပေါ်ရပ်ကွက်များ‌ရှိ သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြသည်။