မကွေးတက္ကသိုလ်တွင် (၂၉)နှစ်မြောက် မကွေးတက္ကသိုလ်မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

မကွေး ဒီဇင်ဘာ ၂၂

၁၉၉၄ ခု၊ ဒီဇင်ဘာလ(၂၀)ရက်နေ့ နေ့စွဲပါအမိန့်ကြော်ငြာစာနှင့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ မကွေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့် တိုးမြှင့်ဖွဲ့စည်းခွင့်ပြုခဲ့ပြီး၊ ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ဗုဒ္ဓဟူးနေ့တွင် မကွေးတက္ကသိုလ်အဆင့် တိုးမြှင့်ခဲ့သည်မှာ (၂၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ (၂၉)နှစ်မြောက် မကွေးတက္ကသိုလ်မွေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများကို ဒီဇင်ဘာလ ၂၀ ရက်နေ့က မကွေးတက္ကသိုလ်၌ ကျင်းပခဲ့သည်။

မကွေးတက္ကသိုလ်၏ (၂၉)နှစ်မြောက် တက္ကသိုလ်မွေးနေ့အထိမ်းအမှတ်အဖြစ် အာရုံဆွမ်းကပ်ခြင်းနှင့် ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို နံနက် ၅ နာရီခွဲအချိန်က မကွေးတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌လည်းကောင်း၊ ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို  နံနက် ၈ နာရီခွဲအချိန်က မကွေးတက္ကသိုလ် သုံးထပ်ရုံးရှေ့၌လည်းကောင်း၊ တက္ကသိုလ်မွေးနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ သုတေသနစာတမ်းဖတ်ပွဲကို နံနက် ၉ နာရီခွဲအချိန်က ဘွဲနှင်းခန်းမနှင့်  Fitness Center ဖွင့်ပွဲ အခမ်းအနားတို့ကို ကျင်းပခဲ့ပြီး၊ အဆိုပါ အခမ်းအနားများသို့ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာကြီး၊ ဆရာကြီးများနှင့် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းနှင့် မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ပဲဆီ(၅၀)ကျပ်သားနှင့် ကြက်ဥ(၁၀) လုံးစီကို တက္ကသိုလ်မွေးနေ့အထိမ်းအမှတ် လက်ဆောင်အဖြစ် ဝန်ထမ်းများအား ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ