သတင်းများ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ညောင်ဦးမြို့နယ်အတွင်း ပုဂံခေတ်ရေကန်များပြန်လည်ပြုပြင်မည့် အခြေအနေများစစ်ဆေးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိမ်းသိမ်းရေးကော်မတီဝင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Oct 18,2023
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ညောင်ဦးမြို့နယ်အတွင်း ပုဂံခေတ်ရေကန်များ ပြန်လည်ပြုပြင်မည့် အခြေအနေများစစ်ဆေးခဲ့ကြောင်းသိရသည်။
မော်လိုက်မြို့၌ ပန်းခင်းစီမံချက် (၂) အိမ်ထောင်စုလူဦးရေစားရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ပန်းခင်းစီမံချက်(၂) အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က အမက(၁)ကျောင်း၌ ကျင်းပပြုလုပ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲသို့ တက်ရောက်အားပေး
Oct 18,2023
ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ပြုလုပ်ခဲ့ရာ ကြိုဆိုပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တက်ရောက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင် အခွင့်အလမ်းပိုမိုရရှိစေရေးအတွက် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် သင်ကြားရေးဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့် အခြေအနေများအား ယမန်နေ့ နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အထူး ဆေးကုသရေးအစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ စမ်းသပ်ကုသဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် ဒေသခံပြည်သူများအား ဒုတိယနေ့ ကျန်းမာရေးစောင့်ရှောက်မှုများ စမ်းသပ်ကုသ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးကုသမှုလာရောက် ပြသသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး နေ့လည်စာစားသောက်ဖွယ်ရာများ အသီးသီးဝေငှခဲ့ကြသည်။
နောင်ချိုမြို့နယ်တွင် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများနှင့် ဆောက်လုပ်ရေးပစ္စည်းများ လှူဒါန်း
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရာတွင် အောင်မြင်စွာပြီးမြောက်နိုင်ရေး အတွက် အလှူတော်ငွေများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စီဗြုံးများ လှူဒါန်းခြင်းကို သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်/ ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ပြုလုပ်
Oct 18,2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံး၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောခြင်းနှင့် ရပ်/ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအတွက် စစ်တမ်းမေးခွန်း ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အဆိုပါ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ (၅၈.၂၃)ဧကအတွက် ဒေသခံတောင်သူများအား မြေယာလျော်ကြေးငွေများ ပေးအပ်ပွဲအခမ်းအနား ဆောင်ရွက်
Oct 18,2023
အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သကြားစက်ရုံ(ဒုရင်္ဂဗိုလ်) အနောက်ဘက်ခြမ်း ဦးပိုင်ပေါက်ယာမြေ (၅၈.၂၃)ဧကအား လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။