သတင်းများ

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်း
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ ခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုရက်ပိုင်း မိုးရွာသွန်းမှုမရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်း လျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။  
ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ "ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့" စာဖတ်ဝိုင်းပြုလုပ်
Oct 18,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့"ဆုံစည်းရာ"စာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပ
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအ‌ဝေးကို ယမန်နေ့နေ့လည် ၁နာရီအချိန်က မြို့နယ် ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်၌ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော ဆင်အရေပြား(၁၆၉)ချပ်အား မီးရှို့ဖျက်ဆီး
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပ) ၃၂၉/၂၀ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ ပိုင်ရှင်မဲ့ဖမ်းဆီးရမိသော ဆင်အရေပြား (၁၆၉)ချပ်၊ (၄၂)ပိသာအား ယမန်နေ့ နံနက်က မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု မြို့ရှောင်လမ်းဘေး ဦးကျော်ထွန်းအောင် လယ်မြေတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ x ၃၀) RCC (၂)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်မှု သုံးဆယ်ရာခိုင်နှုန်း ပြီးစီး
Oct 18,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်စေရန်အတွက် နတ်မောက်မြို့နယ် ပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မြေနေရာတွင် (၈၀×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်အား ဖျက်သိမ်း၍ (၁၄၀×၃၀) RCC(၂)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ သုံးဆယ်ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး  တာဝန်ရှိသူထံက သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် မြို့ပေါ်ရပ်ကွက်များ‌ရှိ သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်
Oct 18,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၁၆ ရက်   ညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ငွေဆောင်မြို့ ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်တွင် စျေးဝယ်ယူသူများဖြင့် စည်ကား
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ဒေသတွင်း လက်မှုထုတ်ကုန်ပစ္စည်း ပြပွဲနှင့် စျေးရောင်းပွဲတော် ဒုတိယနေ့တွင် လာရောက်လေ့လာသူ၊ စျေးဝယ်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။