သတင်းများ

မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် လက်လီရောင်းချပေး
Oct 18,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ) သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ရှမ်းပြည်ဒေသထွက် မက်ခေါက်သီးများ ဈေးကွက်အတွင်း ရောက်ရှိလာပြီး ရောင်းအားကောင်းလျက်ရှိ
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ဒေသထွက် မက်ခေါက်သီးများ စတင်ထွက်ရှိနေပြီဖြစ်ပြီး လားရှိုးမြို့တွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရင်သွေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများကျင်းပ
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည် မူလတန်းကြိုကျောင်းတို့ ပူးပေါင်းပြီး ရင်သွေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တံတားဦးမြို့နယ်တွင် မိုးဦးပင်ထောင်မြေပဲများ အထွက်နှုန်းကောင်းသဖြင့် တောင်သူများအဆင်ပြေ
Oct 18,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးဦးကာလတွင် စိုက်ပျိုးခဲ့သော ပင်ထောင်မြေပဲများ ယခုအခါ နှုတ်သိမ်းပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်သောကြောင်း တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများ ထံ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်တွင် (၅၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၉)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပနိုင်ရေးသြဝါခံယူပွဲပြုလုပ်
Oct 18,2023
ကော့သောင်းမြို့နယ်တွင် (၅၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၉)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပနိုင်ရေးသြဝါခံယူပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်တော်အေး သာသနာ့ ဗိမ္မာန်တော်တွင် ပြုလုပ်ကျင်းပရာ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်ဆရာတော်၊ တိုင်းဒေသကြီး/ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်သည်။
ပုပ္ပားတောင်(သို့) မြန်မာပြည်အလယ်ပိုင်းမှ အိုအေစစ်
Oct 18,2023
ပုပ္ပားတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်(၁၁)ခန့်အကွာ ကျောက်ပန်းတောင်း-တောင်သာ-မြင်းခြံသွားကားလမ်းမဘေးတွင်တည်ရှိပြီး အလယ်ရိုးမမြောက်ဖျားပိုင်းတွင် ထီးထီးကြီး တည်ရှိနေသောတောင်ဖြစ်သည်။
မြို့သစ်မြို့နယ် မြေခြားကျေးရွာ အလယ်တန်းကျောင်း၌ တိုင်းရင်းဆေးဖြင့်(အခမဲ့) ကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေး ဆောင်ရွက်
Oct 18,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့ နေ့လည်က တိုင်းရင်းဆေးပညာဖြင့် မြေခြားကျေးရွာ အလယ်တန်းကျောင်းသို့ (အခမဲ့)ကွင်းဆင်းဆေးကုပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊