သတင်းများ

ကျွန်းစုမြို့တွင် အသက် (၁၈) နှစ်နှင့် အထက် အတည်ပြုလူဦးရေစာရင်း (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ ဆောင်ရွက်
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေ (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ မေလ ၁၆ ရက်နေ့ မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
May 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်
May 16,2025
မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော အဆောက်အအုံများ၊ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း  နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)တို့မှ အင်ဂျင်နီယာများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  
ပျော်ဘွယ်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်
May 16,2025
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျေးလက်နေပြည်သူများ ကျန်းမာရေးဗဟုသုတရရှိစေရန် ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းကို မေလ (၁၆) ရက်၊ နံနက် (၉) နာရီခွဲက ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပ‌ဒေဆိုင်ရာ ‌အသိပေးဆွေးနွေး
May 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ကရသူရိမြို့၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူ ကလေးများ ဘောလုံးပစ်/ဖမ်းကစားခြင်းဆောင်ရွက်
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ စာကြည့်တိုက်သို့လာရောက်  ကြသည့် ကျောင်းသား/သူကလေးများ စိတ်ရွှင်လန်း၍ ပျော်ရွှင်စေရေး ဘောလုံးပစ်/ဖမ်းကစားခြင်း ဆောင်ရွက်မှုကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးမင်္ဂလာစေတီဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ညှိနှိုင်းဆွေးနွေး
May 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကုန်းတော်ကြီး မင်္ဂလာစေတီဘုရား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို၊ မေလ (၁၅) ရက်နေ့ ညနေ (၅) နာရီက မင်္ဂလာစေတီဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်
May 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာလာသည့် ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။