သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်
Aug 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်စကားဝိုင်းဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
Aug 04,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယ‌နေ့မွန်းလွဲ ၁နာရီက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်း‌ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ သုတရသစာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
တာလေမြို့၌ မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 04,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျပျက်စီးသည့် စာသင်ကျောင်းနှင့် လူနေအိမ်များသို့ သွားရောက်ကြည့်ရှု
Aug 04,2025
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထီဝါးလီကျေးရွာနှင့် လွယ်မောင်(အောက်ရွာ)တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မြေပြိုသဖြင့် စာသင်ကျောင်းနှင့် လူနေအိမ်တစ်ချို့ ပြိုကျပျက်စီးမှုများကို ယမန်နေ့က သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီး၊ ရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းခြင်းအားဆောင်ရွက်
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စရန်အတွက် ရေမြောင်းများ တူး‌ဖော်ရှင်းလင်းခြင်းများကို ဆောင်ရွင်လျက်ရှိသည်။
ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမတွင် ကျင်းပသည်။
မော်လမြိုင်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ
Aug 04,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖွင့်လှစ်သည့်လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။