သတင်းများ

မိုးကောင်းမြို့၌ သဘာဝဘေးအန္တရာယ် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်‌လေ့ကျင့်သရုပ်ပြ
Aug 04,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ သဘာဝဘေးအန္တရာယ် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မိုးကောင်းနန့်ယင်းချောင်း We Love Mogaung View Point ကမ်းစပ်၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းတို့ဆောင်ရွက်
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင် (၅၀)ဆေးရုံဟောင်းနှင့် ဆေးထိုးနှံစုရပ်များတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား မီးခိုးမြူ​ငွေ့လျှော့ချရေး အသိပညာပေးဟောပြော
Aug 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာမူလတန်းကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော​ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
Aug 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်၌ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း လေဘေးကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့
Aug 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သန်လျှက်စွန်းလမ်းမကြီး၊ ကြာဖြူလမ်းနှင့် မြနန္ဒာလမ်းတို့တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့ရာ ထိခိုက်ခံစားခဲ့ရသည့်များ ရှိခဲ့ပါသည်။
လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 04,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်က လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်
Aug 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။