သတင်းများ

မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့်Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Mar 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပညာသင်နှစ် Grade-5 ၊ Grade-9 နှစ်ဆုံးစာ‌မေးပွဲ ဖြေဆို
Mar 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ်ပညာသင်နှစ် မူလတန်းဆင့် Grade-5 အလယ်တန်းဆင့် Grade-9 နှစ်ဆုံးစာ‌မေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုသည့်ပထမနေ့၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ အခြေခံကွန်ပျူတာ စာစီ၊ စာရိုက်နှင့် အခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်
Mar 03,2025
ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ကျောင်းပိတ်ရက်ကာလအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်အတွက် အခြေခံကွန်ပျူတာ စာစီ၊ စာရိုက်နှင့် အခြေခံပန်းချီပညာသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ပင်းတယမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး
Mar 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျေးရွာ၊ ဒရယ်အင်း‌ကျေးရွာ၊ ကူးကော်ကျေးရွာနှင့် စံသီးကုန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနဲ့ပတ်သက်၍ ယမန်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငပုတောမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Mar 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကိုကိုးကျွန်းမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့်(Grade-5)နှင့် အခြေခံပညာမူလတန်း(Grade-9) စာမေးပွဲများ စတင်ကျင်းပ
Mar 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲGrade(5)၊ Grade(9)ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က ဖြေဆို​ ​ကြောင်းသိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မြို့စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည်နှင့် မကျီးပင်ရေလွှဲဆည်တို့မှ ယခုနှစ်နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရန် (၇၅၇၀) ဧက စတင်စိုက်ပျိုးရေ ပေးဝေလျက်ရှိ
Mar 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းဆည်နှင့် မကျီးပင်ရေလွှဲဆည်တို့မှ ယခုနှစ်နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရန် (၇၅၇၀) ဧက အတွက် မတ်လ ၁ ရက်နေ့မှ စတင်၍ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။