သတင်းများ

ဘားအံမြို့၌ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ
May 30,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာ ကျောင်းပေါင်းစုံတို့ပူးပေါင်း၍ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” (Ending Plastic Pollution Glibally) ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ အခြေခံစစ်ပညာ (ပစ်ခတ်စဉ်မပါ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 30,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တောင်ဘွေအုပ်စု၊ ခြေလျင်တပ်ရင်း အမှတ်(၉၂) ဝန်းအတွင်းရှိ နဝဒေးခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က အခြေခံစစ်ပညာ (ပစ်ခတ်စဉ်မပါ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကျိုက်လတ်၌ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်
May 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငပိချောင်းကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းပြီးစီးမှု ကွင်းဆင်းကြည့်ရှု့
May 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ(၂၁.၁၅)သန်းဖြင့် အောင်သာဒါန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက  ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့၊ ရေနီကန်ကျေးရွာ “အလင်းတန်း” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ တက်ရောက်
May 29,2025
လွိုင်ကော်မြို့၊ မထောခူကျေးရွာအုပ်စု၊ ရေနီကန်ကျေးရွာ “အလင်းတန်း”  စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရေနီကန်ကျေးရွာ၌ကျင်းပရာ စာကြည့်တိုက်အား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသားသမီးများအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးဗလာစာအုပ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 29,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ရုံးဖွင့်ထားရှိသည့်ဌာနများမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ချီးမြှင့်ငွေနှင့် ကျောင်းသုံးဗလာစာအုပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။
ပြည်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 29,2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်၏ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။