လိပ်သို မတ် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း၊ တောင်တန်းထူထပ်ပေါများသောဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခုအချိန်တွင် အသီးများလှိုင်လှိုင်ထွက်ရှိပြီး ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချရာတွင် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
မရမ်းသီးကင်းများသည် ဟင်းလျာအဖြစ် နှစ်သက်စွာစားသုံးလျက်ရှိပြီး ဒေသခံပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင်လည်းကောင်း အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာ စိုက်ပျိုးထားလျက်ရှိသည်။
လိပ်သိုဒေသတွင် မရမ်းသီးကင်းများကို ဝယ်ရောင်းသူပွဲစားများက အရွယ်အစားအလိုက် တစ်ပိဿာကို (၂၅၀ဝိ/-) ကျပ်မှ (၅၀၀ဝိ/-) ကျပ်အထိသာ ဝယ်ယူပြီး ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ လိပ်သိုမြို့နှင့်ထိစပ်လျက်ရှိသော မြို့နယ်၊ ကျေးရွာများသို့ နေ့စဉ်ပို့ဆောင်ရောင်းချလျက်ရှိကြောင်းနှင့် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိလာချိန်နှင့် ရင့်မှည့်လာချိန်တွင် ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)