သတင်းများ

ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ လားရှိုးမြို့၌ကျင်းပ
Jan 11,2024
ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ ၊ လွတ်လပ်ရေးပန်းခြံ၌ ပြုလုပ်သည်။
မိုင်းဆတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ
Jan 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၇၆၃ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်(၅)နာရီခွဲက သဗ္ဗညုဘုန်းတော်ကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်သည်။
သထုံမြို့နယ်၌ ၈၆ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ
Jan 11,2024
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ကျရောက်သည့် ၈၆ နှစ်မြောက် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသား သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်က မြို့နယ်အဆင့်အနေဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၊ ဝမ်ဆီလီကျေးရွာဘုန်ကြီးကျောင်း၌ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့စုပေါင်းလှူဒါန်းမှု အတွက် ရေစက်ချအလှူမင်္ဂလာပွဲကျင်းပ
Jan 11,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ဆီလီကျေးရွာ ဘုန်ကြီးကျောင်း၌ အဝင်မုခ်ဦး၊ အုတ်တံတိုင်နှင့် ဇာတ်စင်တို့စုပေါင်းလှူဒါန်းမှုအတွက် ရေစက်ချအလှူ မင်္ဂလာပွဲကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ အဆိုပါ ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးခဲ့သည့် စပါးဧက၅၆၀၀၀ကျော် ရိတ်သိမ်းပြီးစီး၍ ခြွေလှေ့စက်များဖြင့် ခြွေလှေ့
Jan 11,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်  မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် စပါးဧက ၅၆၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီးဖြစ်ကြောင်း  မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Jan 11,2024
ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Jan 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ပွဲ‌တော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့သည်။