ကန်ကြီးထောင့်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမာပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ကန်ကြီးထောင့် မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဥပ‌ဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်အယ်လ်မာစိုးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်နှင့်ပတ်သက်၍ ကောက်နုတ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ၂၀၁၉ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးဥပ‌ဒေအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ကန်ကြီး‌ထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာလက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)