သတင်းများ

ကဝမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 07,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
မအူပင်မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jun 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ မင်းဧရာတံတားအနီး တိုးမြစ်အတွင်းဆောင်ရွက်သည်။
လဲချားမြို့နယ်တွင် ၆၆/၆ မရှိ နှင့် (နိုင်)မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများ အရောက်ကွင်းဆင်းဆောင်ရွက်ပေး
Jun 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ၆၆/၆ မရှိ နှင့် (နိုင်)မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နောင်မိန်း၊ ဟိုနောင်အွမ်၊ ဖွေးဟိုင်း၊ ဟိုဖိုင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
တောင်ငူမြို့၌ ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်
Jun 07,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လေးကျွန်းကန်တော်ကြီး၌ တောင်ငူမြို့နယ်မီးသတ် ဦးစီးဌာနနှင့်မြို့ပေါ် ပရဟိတအသင်းများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွည်၍ ရေဘေးကယ်ဆယ်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်မကွေးမြို့၊ အ.ထ.က(၄)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှူအားပေး
Jun 07,2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ပိုင်းက မကွေးမြို့ အ.ထ.က(၄) အခြေခံပညာအထက်တန်း ကျောင်းဝင်း အတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက် နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
တိုက်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (AVIP) ဖြည့်သွင်းနည်း ရက်တိုသင်တန်း ဖွင့်လှစ်
Jun 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်နိုင်ရန်အတွက် AVIP ဖြည့်သွင်းနည်း ရက်တိုသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့်   အခမဲ့ကွင်းဆင်း ကုသပေး
Jun 07,2025
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့က လက်ပံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငလျင်ဘေးသင့်ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားတက်ရောက်အားပေး
Jun 07,2025
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း မြေမြှုပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကိုင်းချောင်ကျေးရွာရှိ တောင်သူ ဦးအေးသောင်း၏ စပါးစိုက်ဧက(၄)ဧကတွင် ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။