သတင်းများ

မန္တလေးနည်းပညာတက္ကသိုလ် (MTU)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား
Jun 06,2025
မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်သင်တန်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက်တို့အား (၂-၆-၂၀၂၅) ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘွဲ့ကြိုအင်ဂျင်နီယာနှင့်ဗိသုကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၁၂) ဦး၊ ဘွဲ့လွန်အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၄) ဦး တို့သည် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိသည်။
ရန်ကင်းမြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်
Jun 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက် ပါရမီလမ်း၊ အမှတ် (၃၆) TETRA ACE Auto Care Motor werkzရှိ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းမှ ၀န်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြမှုများအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပင်လောင်းမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်
Jun 06,2025
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချရေး၊ သစ်ပင်၏တန်ဖိုးများအား အလေးထားပြီး သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းသာယာလှပစေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
သာစည်မြို့နယ်၌ ၃၄ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 06,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်သံဃာများနှင့် နိကာယ်အောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက် ကြာကန်ကျောင်းတိုက် အရိယာဝါသဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။        
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဖားကန့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 06,2025
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာ‌မေးပွဲကို ဇွန်လ ၄ ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်မြို့ကျောက်စိမ်းတွင်း သာသနာ့ဗိမာန်‌တော်ကြီး၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများစတင်ရိတ်သိမ်း
Jun 06,2025
ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်နဝင်းရေလှောင်တမံဆည်နှင့် မြောက်နဝင်းရေလှောင်တမံဆည်ရေများဖြင့် နှစ်စဉ်နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက သီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများကို ယခုနှစ်ဇန်န ဝါရီလဆန်းပိုင်းက စတင်ဖြန့်ဝေပေးပြီးစိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရုရှားဘာသာစကားအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
Jun 06,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကားအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပရာရှေးဦးစွာ သင်တန်းသား/သူများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။