သတင်းများ

မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက်ရောင်းချပေး
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ ကမ်းသာယာ ဈေးအနီးရှိ နယ်မြေမီးသတ် စခန်းရှေ့တွင် သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အရောက်ရောင်းချ ပေးလျက်ရှိသည်။
ဘိုကလေးမြို့နယ်အတွင်းရှိတောင်သူများ မိုးစပါးစိုက်ပျိုးရန် လုပ်ငန်းများစတင်ဆောင်ရွက်
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလကုန်နှင့် ဇွန်လပထမပတ်တို့တွင် မိုးများရွာသွင်းပြီး ဒီရေကလည်ရေထရက်ဖြစ်သည့်အတွက် လယ်မြေများတွင်ရေများရရှိ၍ ဒေသခံတောင်သူများက မိုးစပါးများစိုက်ပျိုရန် လုပ်ငန်းများစတင်လုပ်ကိုင်‌ဆောင်ရွက်‌နေကြပြီဖြစ်သည်။
ကျိုက်လတ်၌ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jun 06,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ “ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အဆုံးသတ်ကြစို့” “Ending Plastic Pollution”ခေါင်းစဉ်ဖြင့်ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပရာအသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ လက်ထောက် အထွေထွေ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လ ခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေး
Jun 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးရွယ်အိုဘိုးဘွားများအား အဓိကကျန်းမာရေးစောင့်ရှောက်‌ပေးသည့်နေ့(ဗုဒ္ဓဟူးနေ့)အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယ‌လေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ရွှေပြည်သာမြိုနယ်၌ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jun 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂၄)ရပ်ကွက် (ဇီးကုန်းကျေးရွာ) ဖန်မီးအိမ် ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့ပေါ်ရှိ စတိုးဆိုင်များ/ကုန်စုံဆိုင်များတွင် ဆေးဆိုင်များ၊ ရေသန့်စက်ရုံးများအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များ/ ကုန်စုံဆိုင်များတွင် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများနှင့် ဆေးဆိုင်များ၊ ရေသန့်စက်ရုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ကြသည်။
ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနားကျင်းပ
Jun 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။