သတင်းများ

အ.ထ.က ပုသိမ်ကြီး၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 13,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇ္ဗူခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Aug 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community center)ခန်းမတွင်​ ယနေ့ မွန်းလွဲ ၁ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအားငွေများပေးအပ်
Aug 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယ‌နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Aug 13,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန် အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ သာထွန်းဦး ရေးသားသော “ကြွေးမြီကင်းသောဘဝနေမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသည့်စပါးခင်းအား ဓါတ်မြေဩဇာကြဲပက် ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေးအတွက် မျိုးစေ့ချကိရိယာ (DrumSeeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးထားသည့် သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာမှ စပါးခင်းအား ဓါတ်မြေ ဩဇာကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့ Community Centre ခန်းမ၌ စာအုပ်လှူဒါန်းပွဲ ကျင်းပ
Aug 13,2025
မန္တလေးမြို့ စာရေးဆရာကြီးများမှ ဦးဆောင်၍ စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ
Aug 13,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးပြီး မူးယစ်ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ အန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။