လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင် ပြသ
Feb 16,2024
ကျောင်းသားလူငယ်များ၊ ဒေသနေပြည်သူများ မိမိတို့အတွက် အသိအလိမ္မာတိုးပွားစေနိုင်သော စာအုပ်/စာပေများကို ဘဝ၏ လက်တွဲဖော်မိတ်ဆွေအဖြစ် ရွေးချယ်နိုင်စေရန်၊ စာဖတ်ခြင်းမှ ရရှိသည့် စိတ်ခွန်အား၊ အသိပညာများဖြင့် တန်ဖိုးရှိသော ဘဝ၊ အောင်မြင်သော အနာဂတ်များ ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အထွေထွေ ဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင်အား ပြသခဲ့ကြောင်း သိရသည်။